U Ye Gyi Technology Study mosquito date ဘ၀အလင်းသစ်မီဒီယာ

Tuesday, August 5, 2014

အိမ်ထောင်ရေး အကြောင်း အတိအလင်း ကြေညာလိုက်တဲ့ မီးမီးခဲ



မီးမီးခဲ အနေနဲ့ သူ့ရဲ့ များမကြာ မီက ထွက်ရှိထားခဲ့တဲ့ Miss Call အခွေကို ဗီစီဒီ အဖြစ် ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ အဲဒီအခွေမှာ လေးပုဒ် ပဲ ရိုက်ဖို့ ကျန်တော့ကြောင်း၊ ကျန်တဲ့ အပိုင်းတွေ အကုန် ပြီးစီးနေပြီဖြစ် ကြောင်း၊ အခုအချိန်မှာ သူ့အမေ၊ သူ့သမီးနဲ့ ငြိမ်းငြိမ်း ချမ်းချမ်းလေး နေပြီး ပျော်ရွှင်သော ဘဝတစ်ခုကို ဖန်တီး တည်ဆောက်နေကြောင်း မီးမီးခဲ ကပြောပါတယ်။

ဒါပေမဲ့ မကြာသေးခင် အချိန်လေးကပဲ သူ့ရဲ့ခင်ပွန်ဟောင်း အဆိုတော် ထူးအယ်လင်းရဲ့ ဖေ့စ်ဘုတ် စာမျက် နှာထက်မှာ သူနဲ့ အတူနေစဉ် အမေရိက ခရီးသွားတုန်းက ရိုက် ထားခဲ့တဲ့ ဓာတ်ပုံဟောင်းကို ပြန် တင်ထား တာကြောင့် အလွန်အမင်း ဒေါသထွက် ရကြောင်း၊ အခုအခါမှာ သူ နဲ့ဘာမှ မသက်ဆိုင်တော့တဲ့ အကြောင်း ပြောလာ ပါ တယ်။

“အခု အချိန်မှာ သူ (ထူးအယ် လင်း) နဲ့ တရားဝင် ကွာရှင်းပြီးသွား ပြီလေ။ အဲဒါ အကုန်လုံးလည်း သိကြ တယ်။ ဒါကို သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ အရင်က ရိုက်ထား ခဲ့တဲ့ ဓာတ်ပုံ အဟောင်းတွေကို ပြန်တင်တယ်။ အားပေးတဲ့ ပရိသတ်တွေက လည်း Like တွေလုပ်ပြီး အားပေး ကြတယ်။ ပရိသတ်တွေ ထင်တာက သူတို့ပြန် အဆင်ပြေ သွားကြပြီ။ ဒါ ကြောင့် ပုံတွေ တင်တယ်ပေါ့။ အဲဒီ လိုမြင်သွားကြလိမ့်မယ်။ အမှန်က ကျွန်မနဲ့ ဘာမှ မပတ်သက်တော့ဘူး။ လုံးဝကို မသက်ဆိုင်တော့တာပါ။ အဲဒီပုံက ဟိုးလွန်ခဲ့ တဲ့ အမေရိက ခရီးသွားတုန်းက ရိုက်ကူးထားတဲ့ ပုံဟောင်းလေးပါ။ သူပုံတင်တာ ကို ကျွန်မတောင် မသိဘူး။ သူဒီလို ပုံတွေ တင်တာ ဘာသဘောလဲ ဆိုတာ ကျွန်မ လည်း မစဉ်းစားတတ်ဘူး။ သေချာတာက သူနဲ့ ဒီတစ်သက် ပေါင်းဖို့ လုံးဝ အစီအစဉ် မရှိတော့ဘူး ဆိုတာပါ။ သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေ အပေါ်လည်း လုံးဝ ခွင့် လွှတ်နိုင်စရာ မရှိဘူး။ ကျွန်မက လူတစ်ယောက်ကို စိတ်ကုန်ပြီ ဆိုရင် လုံးဝ လှည့်မကြည့် တတ်တဲ့ သူမျိုးပါ။ ဒီလိုမျိုး ဘာမှ မပတ်သက်တော့ဘဲ တစ်ဖက်သတ် လုပ်နေ တာမျိုးကို လုံးဝကန့်ကွက်ပါ တယ်။ ကျွန်မ အနားမှာ သမီးလေး ရှိနေပြီ။ နောက် ချစ်ရတဲ့ အမေရှိ တယ်။ ဘာဆို ဘာမှ မလိုအပ်တော့ ပါဘူး။ ပြည့်စုံနေပါပြီ။ ငြိမ်းငြိမ်း ချမ်းချမ်းလေးနဲ့ ဘဝကို တည်ဆောက် နေပါပြီ။ ဒီလိုမျိုး သူက လုပ်လိုက်တဲ့ အတွက် အများကြီး စိတ်ထိခိုက်ခံစား ရပါတယ်” လို့ ဖေ့စ်ဘုတ်မှာ ပျံ့နှံ့နေ တဲ့ သူနဲ့ ထူးအယ်လင်း တို့ အတူရှိစဉ် ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ ပတ်သက် လို့ အဆိုတော် မီးမီးခဲကပြောပါတယ်။ မီးမီးခဲ အနေနဲ့ သူ့ဘဝ မှာ ဂီတသာ အဓိက ကျကြောင်း၊ ဂီတနဲ့ ပဲ ဘဝကို ဖြတ်သန်း သွားမှာဖြစ်ကြောင်း၊ အခု လည်း Miss Call ဗီစီဒီ အတွက် အာရုံစိုက် လုပ်ဆောင်နေကြောင်း ပြောပါတယ်။

ပထမကမ္ဘာစစ် ရာပြည့် အခမ်းအနား ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်



၂၀၁၄ ခုနှစ် သြဂုတ်လ ၄ ရက်သည် ပထမ ကမ္ဘာစစ် စတင် ဖြစ်ပွားရာ နှစ်ပေါင်း ၁၀၀ ပြည့်သည့် နေ့ဖြစ်သည် နှင့်အညီ ယမန်နေ့တွင် ပထမ ကမ္ဘာစစ် ရာပြည့် နှစ်ပတ်လည်နေ့ ကို ဘယ်လ်ဂျီယံ နိုင်ငံ လျရေးရှ်မြို့ ၊ ကွိုင်တီ မဟာမိတ် စစ်ဗိမာန် တွင် ကျင်းပခဲ့ရာ ကမ္ဘာ့ နိုင်ငံပေါင်း ၈၀ ခန့်မှ ခေါင်းဆောင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

ဘယ်လ်ဂျီယံ ဘုရင် ဖိလစ်ပီ က " ပထမ ကမ္ဘာစစ်ဟာ ကိုယ့် နိုင်ငံအရေး ကိစ္စကို ကိုယ်ကိုယ်တိုင် တာဝန်ယူဖို့ ၊ ပြည်သူ လူထု စည်းလုံး ညီညွတ်ဖို့ သတိပေး နေပါတယ် ၊ ငြိမ်းချမ်းရေး ဆိုတာ နိုင်ငံတိုင်းက တန်းတူ ရောက်ရှိ ခံစားထိုက်တဲ့ ရည်မှန်းချက် ပန်းတိုင် ဖြစ်ပါတယ် ... " ဟု ပြောကြား ခဲ့သည်။

ရာပြည့် အခမ်းအနားသို့ ဥရောပ တစ်ခွင်မှ နိုင်ငံ ခေါင်းဆောင်များ၊ ဗြိတိန်၊ အိုင်ယာလန်၊ ဂျာမနီ၊ သြစတြီးယား၊ ဘူလ်ဂေးရီးယား၊ မော်လ်တာ အစရှိသည့် နိုင်ငံ ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး တက်ရောက် မိန့်ခွန်း ပြောကြားစဉ် ပြင်သစ် သမ္မတ က ၁၉၁၄ ခုနှစ် သြဂုတ် ၄ ရက်က ဘက်မလိုက် နိုင်ငံအဖြစ် ရပ်တည် နေခဲ့သည့် ဘယ်လ်ဂျီယံ နိုင်ငံကို ဂျာမနီက ကျူးကျော် ဝင်ရောက်ခဲ့ပြီး ဒေသတွင်း စစ်ပွဲဖြစ်သော ဘော်လ်ကန်စစ်ပွဲ ကို ကမ္ဘာစစ်ကြီး ဖြစ်လာအောင် မီးမွှေးခဲ့ခြင်း ကို တင်ပြ ပြောဆိုခဲ့ပြီး မျက်မှောက်ခေတ် ယူကရိန်း အရေး သည်လည်း အလားတူ မီးပွားတစ်ခု ဖြစ်နေကြောင်း ထောက်ပြ ပြောဆို ခဲ့သည်။

ဆက်လက်၍ ပြင်သစ် သမ္မတ က ''ဥရောပ နဲ့ မဝေးလှတဲ့ နိုင်ငံက လူတွေဟာ သူတို့ရဲ့ အခွင့်အရေး အတွက် တိုက်ပွဲဝင် နေချိန်မှာ ကျွန်တော်တို့ ဘက်မလိုက် နိုင်ငံအဖြစ် ဘယ်လိုနေနိုင် ပါ့မလဲ။ ခရီးသည်တင် လေယာဉ် တစ်စင်းကိုပ စ်ချတာတွေ၊ အီရတ်၊ ဆီးရီးယား၊ လက်ဘနွန်၊ ဂါဇာအရေး တွေကို ကျွန်တော်တို့ လက်ပိုက် ကြည့်မနေနိုင် ပါဘူး။ ဥရောပဟာ ကုလသမဂ္ဂနဲ့ လက်တွဲပြီး ကျရာတာဝန် ကို ထမ်းဆောင်သွား မှာပါ ... '' ဟု ပြောကြားသည်။

ဂျာမနီ သမ္မတ ကလည်း ထိုစဉ်က ဂျာမနီသည် စစ်ဆင်ရေး အရသာ တိုက်ပွဲဝင် ခဲ့ခြင်းဖြစ်ပြီး ဥရောပ အနေနှင့် လွတ်လပ်ရေး၊ ဥပဒေ၊ အသိ၊ သတိ၊ သည်းခံနိုင်မှု၊ တရားမျှတမှု နှင့် လူသားချင်း စာနာထောက်ထားမှု တို့ကို ဦးဆောင် ဦးရွက် ပြုသွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ပထမကမ္ဘာစစ် အတွင်း နိုင်ငံပေါင်းစုံမှ သေဆုံးသူ တပ်ဖွဲ့ဝင်ဦးရေ ၁ဝ သန်း၊ ဒဏ်ရာ ရရှိသူ သန်း ၂ဝ၊ သေဆုံးသူ အရပ်သား သန်းပေါင်းများစွာ ရှိခဲ့ပြီး နိုင်ငံ အများအပြား ကြေမွ ပျက်စီးခဲ့ကာ ကမ္ဘာကြီး တစ်ခုလုံး ကို အသစ်ပြန်လည် တည်ဆောက် ခဲ့ရကြောင်း သိရသည်။

ဘုရားကျောင်းကန်သွားမည့် အမျိုးသမီးများ သတိထားဖို့



ရှင်စောပု မိဖုရားကြီးက ဘုန်းကြီးကျောင်းသွားခါနီး သူ့အခြွေအရံများကို ပြောနေသည်မှာ -

ထိပ်ထား တစ်ခုသတိပေးချင်သေးတယ်။ သမီးတော်တို့ရော သေသေချာချာ နားထောင်ကြနော်။ ယခုမယ်မယ်တို့ သွားရမှာက ရဟန်းတော်တွေ သီတင်း သုံးတဲ့နေရာ၊ မယ်မယ်တို့ ချယ်သထားတာက တကယ့်ပွဲလမ်းသဘင် သွားမယ့်အတိုင်းပဲ။ မိန်းမတစ်ရောက်ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ အမူအရာတွေ ဟာ ဆန့်ကျင်ဘက် ဖြစ်တဲ့ ပုရိသတွေကို ဆွဲဆောင်နိုင်စွမ်းရှိတယ်။ အဆန်း တကြယ် ပြင်ဆင်မွမ်းမံမှုက ညှို့ယူလိုက်တဲ့အတွက် သူတို့မှာ ပူလောင်တဲ့ ဆန္ဒ ဖြစ်လာနိုင်တယ်လေ။


ဒီလို သူ့စိတ်ကို အမှောင်ရိပ်လွှမ်းသွားတာနဲ့ တပြိုင်နက် သူ့မှာ အပြစ်ဖြစ်ရ သလို သူ့ကိုပူလောင်အောင် ၀တ်ဆင်ထားတဲ့ မိန်းမမှာလည်း တန်းတူ အပြစ်ဖြစ်ရတယ်။ ဒီတော့ ကိုယ့်ရဲ့ အနေအထိုင်ကြောင့် တစ်ပါးသူတစ်ဦးကို ဘယ်တော့မှ အမှောင်မလွှမ်းသွားပါစေနဲ့။

သမီးတော်တို့ . . . ရဟန်းတော်တွေဆိုတာကလည်း အာသဝေါ ကုန်းခမ်းကြ သေးတာ မဟုတ်ဘူး။ ပုထုဇဉ်တွေပဲဖြစ်လို့ ပြာဖုံးနေတဲ့ မီးခဲတွေပါပဲ။ ဒီမီးခဲ တွေကို သမီးတော်တို့ရဲ့ တပ်မက်စရာ ရူပါရုံဆိုတဲ့ လေပြေတစ်ချက်မွေ့ လိုက်ရင် . . . ထိပ်ထား မဆက်ပါရစေနဲ့တော့ကွယ် . . . ။

ဒါကြောင့် သင့်တင့်ရုံပဲ ပြင်ဆင်ကြ၊ ခေါင်းကပန်းတွေဖြုပ်လိုက်။ မှုံနံ့သာတွေ ကိုလည်း ဖျက်လိုက်ကြပါ ဦး။ လုံလုံခြုံခြုံဝတ်ဆင်ပြီး မြင်ရသူစိတ်ထဲမှာ နှမငယ် သမီးငယ်တစ်ယောက်လို ကရုဏာပွား လာအောင် ပြောဆို ဆက်ဆံ ကြပါကွယ်။

မသန်းသန်း (မန်းတက္ကသိုလ်)၏ ရှင်စောပု အမည်ရှိ စာအုပ်မှ။

ဒါကြောင့်ဆရာတော်ဘုရားကြီးတွေ ဆုံးမကြတယ်။

ပစ္စည်း ၊ မာတု ၊ ထိုနှစ်ခုဘိက္ခု သေမင်း ဓားနှစ်စင်း။ တဲ့. . . .

အရမ်းကောင်းတယ်ထင်လို့ ပြန်လည်မျှဝေပေးလိုက်ပါသည်

၁၂၅ နှစ်အကြာ ပဟေဠိ ဖြစ်ခဲ့တဲ့ JACK THE RIPPER ဆိုတဲ့ ကွင်းဆက် ဂန္တ၀င်လူသတ်သမားကို ထိပ်သီး စုံထောက်များမှ စုံစမ်းဖော်ထုတ်နိုင်ခဲ့




ဝိတိုရိယ ဘုရင်မကြီး အုပ်စိုးစဉ်လက်ထက် လန်ဒန်မြို့ ရဲ့ လမ်းတွေထဲမှာ Jack The Ripper ဆိုတဲ့ လူသတ်သမားက ပထမဆုံးအကြိမ် လူသတ်မှုကို စတင်ကျူးလွန်ခဲ့စဉ်ကတည်းက တစ်ကမ္ဘာလုံးက စိတ်ဝင်တစားရှိနေခဲ့ကြတဲ့ ပဟေဠိကို ယင်းလူသတ်သမား ကျူးလွန်ခဲ့တဲ့ ကြောက်မက်ဖွယ်ရာ လူသတ်မှုများရဲ့  ၁၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ မှာ လူသတ်မှုစုံစမ်းထောက်လှမ်းရေး စုံထောက်ဟောင်းမှ အဖြေညှိဖော်ထုတ်ပေးခဲ့ပါတယ်။

ဒါပေမယ့် အင်္ဂလန်နိုင်ငံရဲ့ အဆိုးရွားအရက်စက်ဆုံးသော ဒီကွင်းဆက်လူသတ်သမား အမှန်တော့ တကယ်မရှိခဲ့ဘူးဆိုတဲ့ ဒီသတင်းဟာ ကမ္ဘာတစ်ဝှမ်းက ယင်းလူသတ်သမား ဘယ်သူ ဘယ်ဝါဆိုတာကို ဖော်ထုတ်ဖို့ ကြိုးပမ်းနေခဲ့ကြတဲ့ ၀ါသနာရှင် စုံထောက်တွေအတွက်တော့ သတင်းဆိုးပါပဲ။

အရက်သမားတစ်ဦးဖြစ်တဲ့ စာနယ်ဇင်းသတင်းသမား Thomas Bulling ဆိုသူဟာ ဒီလူသတ်သမားကို ဖန်တီး လုပ်ကြံခဲ့တာ ဖြစ်ပြီး ၄င်းဟာ ၁၈၈၈ ခုနှစ်မှာ Jack The Ripper ကနေ အင်္ဂလန် ဗဟို ရဲဌာနချုပ်ကို စာပေးပို့ တဲ့ ပုံစံဖန်တီးခဲ့ပြီး သူဟာ အဲပို့  စာသတင်းအတွက် သတင်းဦး၊သတင်းထူး ဆုကြေးတွေရရှိခဲ့ပါတယ်။

စာအုပ်ပေါင်း ၃၀၀ ကျော်နဲ့ မြောက်များစွာသော ရုပ်ရှင် တီဗွီအစီအစဉ်တွေမှာ ယုံကြည်ဖို့ ခက်ခဲတဲ့ သက်သေအထောက်အထားတွေနဲ့ အမျိုးသမီး ၅ ယောက်ရဲ့ လည်ပင်းကို ဓားနဲ့လှီးပြီး ကလီစာတွေ ဆွဲထုတ် သတ်ဖြတ်ခဲ့တဲ့ Whitechapel ရဲ့ ညဘက်လမ်းမတွေထက်ဆီကို အကြောက်တရားတွေ သယ်ဆောင်လာခဲ့တဲ့ Jack The Ripper လို့ သံသယ ရှိသူ ယောင်္ကျားပေါင်း ၁၀၀ လောက်ကို အမည်တပ် စွပ်စွဲခဲ့ကြပါတယ်။

ယင်းသံသယရှိ စွပ်စွဲခံရသူတွေထဲမှာ ၀ိတိုရိယ ဘုရင်မကြီးရဲ့  မြေးတော်ဖြစ်တဲ့ Duke of Clarence ကနေပြီးတော့ Alice in Wonderland စာအုပ်ကိုရေးသားသူ Lewis Carroll အထိ ပါပါတယ်။

၁၈၈၀ ခုနှစ်မှာ ကျွဲရိုင်းစီးသူ Buffalo Bill ဆိုသူက Wild West Show ပြသဖို့ အတွက် အင်္ဂလန်ကို သူနဲ့ အတူပါလာခဲ့သူ အမေရိကားတိုက်မှ လူနီလူမျိုး စစ်သူရဲ Black Elk ဆိုသူပင်လျှင် လူသတ်သမားဖြစ်နိုင်တယ်လို့  အချို့က ပြောကြသလို ချို့ တဲ့ ကလေးများအတွက် ရန်ပုံငွေလှူဒါန်းရေး စည်းရုံးလှုံ့ ဆော်ရေးမှူး ဒေါက်တာ Barnardo ဟာ Jack ဖြစ်တယ်လို့  ယုံကြည်ခဲ့ကြပါတယ်။

ဒါပေမယ့် Bedfordshire ရဲဌာနမှာ လုပ်ခဲ့တဲ့ ယခင် လူသတ်မှု စုံစမ်းဖော်ထုတ်ရေး စုံထောက်ဟောင်းဖြစ်သူ Trevor Marriott ဟာ ဒီအမှုမပေါ်တဲ့ လူသတ်မှုတွေရဲ့  အသေးစိတ်အချက်အလက်တွေကို ၁၁နှစ်ကြာအောင် ပြန်လည်သုံးသပ်လေ့လာနေခဲ့ပါတယ်။ သူဟာ ဗဟိုရဲဌာနချုပ်ရဲ့ ဖိုင်တွဲတွေကို လှန်လှောရှာဖွေ ဖတ်ရှုပြီး ခေတ်မီ ရဲဌာန နည်းစနစ်တွေနဲ့ မှုခင်းလေ့လာဆန်းစစ်ရေး အတတ်ပညာတွေကို ပေါင်းစပ်အသုံးချခဲ့ပါတယ်။

“င်္ဒီအမှုတွေရဲ့ အချက်အလက်တွေကို နှစ်ပေါင်းများစွာကြာအောင် လုပ်ကြံဖန်တီးပြောဆိုနေခဲ့ကြတယ်” လို့  Marriott ကဆိုပါတယ်။

“ လူထုကြီးက စာရေးဆရာတွေနဲ့  ထုတ်ဝေသူ မြောက်မြားစွာတို့ရဲ့  လမ်းလွှဲမှုကို ခံနေခဲ့ကြရတယ်။ Jack က ဒီလူသတ်မှုငါးခု အတွက် တာဝန်ရှိခဲ့တယ်လို့ ယူဆတယ်။ ဒါပေမယ့် ဗြိတိန်မှာတင်မဟုတ်ပဲ အမေရိကမှာရော ဂျာမနီလိုနိုင်ငံမျိုးတွေမှာပါ သူကျူးလွန်ခဲ့တဲ့ အမှုလိုမျိုး ပုံစံတူ ရှေ့ ရော နောက်ရောမှာ ကျူးလွန်ခဲ့ကြတာတွေလည်းရှိပါတယ်” လို့  သူကဆိုပါတယ်။

Marriott ဟာ ၁၈၆၃ ခုနှစ်ကနေ ၁၈၉၄ ခုနှစ်အတွင်းမှာ ကျူးလွန်ခဲ့တဲ့ Jack The Ripper နဲ့ အလားသဏ္ဍန်တူ မှုခင်းပေါင်း စုစုပေါင်း ၁၇ ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ Carl Feigenbaum ဆိုသူ ဂျာမန်လူမျိုး ရေကြောင်း ကုန်သွယ်ရေးသမား က ယင်းမှုခင်း အချို့အတွက် တာဝန်ရှိတယ်လို့ သူက ယုံကြည်ပါတယ်။ အကုန်လုံးတော့ မဟုတ်ပါဘူး။

Feigenbaum ဟာ Whitechapel နားမှာ ပုံမှန် ကျောက်ချလေ့ရှိတဲ့ သဘောင်္များမှာ တာဝန်ထမ်းဆောင်တဲ့ သဘောင်္သားတစ်ဦးပါ။ သူဟာ နယူးယောက်မြို့မှာ Ripper ပုံစံဆန်ဆန် လူသတ်နေတာကို အမေရိကန်ရဲတွေက ဖမ်းမိသွားပြီးနောက် ၁၈၉၆ ခုနှစ်မှာ ယင်းနယူးယောက်မြို့ မှာပဲ ကွပ်မျက်ခံခဲ့ရပါတယ်။

“အမှန်တရားကတော့ အမှုမပေါ်နိုင်တဲ့ လူသတ်မှုတွေ အတော်များများရှိနေ ခဲ့တယ်။ အဲ့အ မှုတွေတော်တော် များများကလူတွေ မမှတ်မိကြတော့ဘူး။ဒါပေမယ့် Thomas Bulling ဆိုတဲ့ စာနယ်ဇင်းသမားလက်ထဲရောက်သွားတဲ့အခါကျတော့ တစ်မျိုးဖြစ်သွားတာပေါ့”

Bulling ဟာ ဗဟိုရဲဌာနချုပ်က ရဲတော်တော်များများနဲ့ အဆက်အသွယ်ရှိတဲ့ အရက်သမား စာနယ်ဇင်းရှင် တစ်ဦး ဖြစ်ပါတယ်။၁၈၈၈ ခုနှစ်မှာ လန်ဒန်အခြေစိုက် ဗဟိုသတင်းအေဂျင်စီမှာ အလုပ်လုပ်ခဲ့တယ်။သတင်းစာတွေထဲမှာထည့်တဲ့ မှုခင်းတွေအတွက် သူ့ကိုပိုက်ဆံပေးရပါတယ်။

“ Jack The Ripper လို့  Bulling က လက်မှတ်ထိုးရေးသားထားတဲ့ စာတစ်ဆောင်ကို ရဲတွေရခဲ့တယ်။ဒီလုပ်ရပ်ဟာ ယင်းပဟေဠိကို နှစ်ပေါင်း ၁၂၅ နှစ်လောက် ရှင်သန်နေအောင် ထိန်းသိမ်းထားခဲ့တဲ့ အရမ်းကို ပါးနပ်လှတဲ့ ဇာနယ်ဇင်းပညာရဲ့ တစ်စိတ်တစ်ပိုင်းပေါ့။ Jack The Ripper ဆိုတာဟာ ယနေ့ခေတ် ပါးစပ်ရာဇ၀င်ဟုတ်မဟုတ်ဆိုတာ ခင်ဗျားတို့ ကို ခင်ဗျားတို့  မေးကြည့်ဖို့ လိုတယ်။ သူ့အကြောင်းရေးတဲ့ စာအုပ်တွေရဲ့ ၈၀ရာခိုင်နှုန်းလောက်မှာ သူ့ ပုံစံက အနက်ရောင် ၀တ်ရုံရှည်ကြီးကိုဝတ်ထားပြီး ဦးထုပ် အရှည် အနက်ရောင်ကြီးနဲ့ လန်ဒန်မြို့ရဲ့ လမ်းမတွေထက်မှာ လျှောက်လှမ်းနေတဲ့ ပုံစံမျိုးကို အမြဲပြသထားတယ်။ အ၀တ်အစားတွေက အထက်တန်းစား လူချမ်းသာတွေဝတ်တဲ့ ပုံစံမျိုး။ဒါပေမယ့် ၁၈၈၈ ခုနှစ် လောက်မှာတုန်းက အဲ့လို လူချမ်းသာအ၀တ်အစား ပုံစံမျိုးနဲ့ ညသန်းခေါင်ယံကြီး Whitechapel တ၀ိုက်မှာ လမ်းလျှောက်နေခဲ့တယ်ဆိုရင် အဲ့လူဟာ ၅ မိနစ်တောင် ခံမှာမဟုတ်ပါဘူး” လို့ သူကဆိုပါတယ်

“ Whitechapel ဟာ လန်ဒန်မြို့ ရဲ့  မပေါ်နိုင်တဲ့ အမှုတွေနဲ့ ပြည့်နေတဲ့ နေရာလေးသာသာတစ်ခု မဟုတ်ပါဘူး။ အဲနေရာဟာ အင်္ဂလန်တစ်နိုင်ငံလုံးရဲ့ အဆိုးရွားဆုံးနေရာတွေထဲက တစ်ခုပါ။ဒါဟာ ဟောလိဝုဒ်ရုပ်ရှင် ထုတ်လုပ်ရေးသမားတွေ အကြိုက်ဖန်တီးထားတဲ့ ပုံစံမျိုးပဲဖြစ်ပါတယ်။ အချက်အလက် အသစ်တွေလည်း ခုရှာတွေ့ခဲ့ပါပြီ။ လူသတ်သမားဟာ အခင်းဖြစ်ပွားရာနေရာမှာတင်ပဲ ကလီစာကို ဆွဲထုတ်တာမျိုးမဟုတ်ခဲ့ပါဘူး။အလောင်းထားတဲ့အဆောင်ထဲကို ရောက်မှာ အသတ်ခံရသူရဲ့ ကလီစာတွေကို ထုတ်ယူခဲ့တာပါ။ Jack က အဲ့လိုမျိုးသတ်ခဲ့တယ်ဆိုတဲ့အဆိုကို ပယ်ဖျက်ရမှာပါ။ဒါပေမယ့် Jack The Ripper ရဲ့ ပဟေဠိက သိပ်ကို ပြင်းထန်လွန်းနေပါသေးတယ်” လို့  Marriott ကဆိုပါတယ်။

Ref:express.co.uk

မိန်းကလေးများ ရည်းစားမရှိခြင်း၏ ကောင်းကျိုး ၁၂ ချက်


၁။ ပိုက်ဆံအချေးခံရသက်သာခြင်း

၂။ အိမ်၏ ထေ့ငေါ့ပြောဆို ဆုံးမခြင်းမှလွတ်ကင်းခြင်း။


၃။ ဆေးလိပ်၊ဘီယာ ကဲ့သို့ သော အနံ့ဆိုးများမှ သက်သာခြင်း။

၎။ ဈေးဝယ်ထွက်ရာတွင် စိတ်ချမ်းသာစွာ သွားနိုင်ခြင်း( မပြီးသေးဘူးလား၊ကြာလိုက်တာ… စသဖြင့် ညူစူမှုများမှ ကင်းဝေးသဖြင့်..)

၅။ ညီမ ၊မောင်များအား လာဘ်ထိုးရသက်သာသဖြင့် မုန့်ဖိုးလောက်ငှခြင်း။

၆။ ချိန်းထားသောအချိန်နောက်ကျသဖြင့် အပြောအဆိုခံရခြင်းမှ ကင်းဝေးခြင်း။

၇။ လက်ဖက်ရည်ဆိုင်၊ ဂိမ်းဆိုင် ၊ အင်တာနက်ဆိုင်၊ ဘီယာဆိုင်တကာလိုက်ရှာရခြင်းဒုက္ခ မှ ကင်းဝေးခြင်း။

၈၊ အွန်လိုင်းခ ၊ ဖုန်းခများသက်သာသဖြင့် အလိုရှိရာအသုံးအဆောင်ပိုဝယ်ယူနိုင်ခြင်း။

၉ ။ယောက်ျားလေးသူငယ်ချင်းများဖြင့် လွတ်လပ်စွာ (စိတ်သန့်သန့်ဖြင့်)ပေါင်းသင်းသွားလာနိုင်ခြင်း။

၁၀။ကိုရီးယားမင်းသားနှင့်တူသောကောင်ချောလေးများကိုတရားဝင်ပေါ်တင်ငေးမောကြည့်ရှုနိုင်ခြင်း။ ( အဟိ…..)

၁၁။ ဟိုလိုမ၀တ်နဲ့ဒီလိုမ၀တ်နဲ့၊ ဟိုလိုဝတ် ဒီလိုဝတ် စသဖြင့်ဆရာအလုပ်ခံရခြင်းမှကင်းဝေးခြင်း။

၁၂။ ယောင်္ကျားလေးချင်းရန်ပွဲဖြစ်ပြီးသော်လည်းကောင်း၊ တခြားမိန်းကလေးများဖြင့်သတင်းကြားရခြင်းဖြင့်လည်းကောင်းစိတ်ပူပန်ဆင်းရဲ ပြီးမျက်ရည်စမ်းစမ်း စမ်းစမ်းဖြစ်ရခြင်းဒုက္ခမှကင်းလွတ်ပြီး
ချမ်းသာရာရခြင်း....။

(မှန်ကြရဲ့လား ချစ်သူ/ရည်းစားမရှိကြသော သူငယ်ချင်းမိန်းကလေးများအားလုံး)

လေဖြတ်မည့် ရှေ့ပြေး လက္ခဏာ (၁၀)ချက်



၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)


၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)

၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)

၎။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation and fluctuation)

၅။ ညအိပ်ချိန် ကျဉ်ထုံခြင်း လန့်နိုးခြင်း။
(Tingling and numbress of limbs during sleep)

၆။ ဆီး အနီရောင်သွားခြင်း။
(Redness discolouration of urine)

၇။ ပစ္စည်းများကိုင်လျှင် မမြဲခြင်း၊ မကြာခဏ လွတ်ကျတတ်ခြင်း။
(Freguent fall down of objects when bandling)

၈။ ဘယ်ဘက်လက် ကိုက်ခဲပြီး လက်မတွင် ထုံခြင်း၊ ဘယ်ခြေဆွဲခြင်း။
(Tingling and aching sensation of left upper limbs, thumb and lower limbs)

၉။ အမျိုးသားများ အသက် ၄၅-နှစ်ကျော်လျှင် ရက်ရှည် ခြေ,လက် ထုံကျဉ်ခြင်း။
(Male over 45yrs,numbers sensation longtime)

အမျိုးသမီးများ သွေးဆုံးချိန်တွင် ခြေ,လက်များ ထုံကျဉ်ခြင်း။
လက်ညှိုး၊ လက်ခလယ် ကွေးရာမှ ချက်ချင်းဆန့်မရခြင်း။
(Numbness sensation during menolpasuse)

၁၀။ ရေချိုးပြီးလျှင် မျက်စိများ ကြာမြင့်စွာ နီရဲခြင်း။
(Redness of eye after bath (or) Conjunctivities after bath)

ကြိုတင်သိရှိပြီး လူသားများအားလုံး လေဖြတ်ခြင်း မှ ကာကွယ်နိုင်ကြပါစေ။

Ref; Zin Yaw News

Wednesday, July 30, 2014

နေရာမှားလျှင် တန်ဖိုးမဲ့ဖြစ်တတ်သည်



အထွတ်အမြတ်ထားခြင်းခံရသည့် ဆံပင်သည်- အစားအစာထဲသို့ ရောက်သည့်အခါ ရွံစရာ အမှိုက်ဖြစ်ရ သည်။

ပညာရှိတို့သည် -
ပညာမဲ့တို့၏ကြားတွင် ရယ်သွမ်းသွေးစရာ ဖြစ်ရသည်။


နေ့တွင် ထွက်သောလသည် -
လူတို့၏ လျစ်လျူရု့ခြင်းကိုခံရ၍ တန်ဖိုးမဲ့ဖြစ်ရသည်။

လိုက်လျောတတ်သူသည် - 
အခွင့်အရေးသမားတို့၏ကြားတွင် အမဲဟင်းလျာဖြစ်ရသည်။

နူးညံ့သိမ်မွေ့သူသည် - 
ကြမ်းတမ်းခက်ထရော်သူတို့၏ကြားတွင် အထီးကျန်သိမ်ငယ်နေရသည်။

တင်းတိမ်ရောင့်ရဲသူသည် - 
လောဘကြီးသူတို့၏ ကြားတွင် လူညံ့ဖြစ်ရသည်။

အယောနိသောမနသီကာရရှိသူသည်-
လူအများနှင့်ဆက်ဆံရေးတွင် ကြာလေ ဝေးကွာလေဖြစ်လာရသည်။

တရားနှင့်မွေ့လျော်သူသည် -
တရားမဲ့ပြုကျင့်သူတို့၏ကြားတွင် နှိပ်စက်ခံရခြင်း၊ ဆင်းရဲ ရာရောက်သည်။