U Ye Gyi Technology Study mosquito date ပထမကမ္ဘာစစ် ရာပြည့် အခမ်းအနား ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက် ~ ဘ၀အလင်းသစ်မီဒီယာ

Tuesday, August 5, 2014

ပထမကမ္ဘာစစ် ရာပြည့် အခမ်းအနား ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်



၂၀၁၄ ခုနှစ် သြဂုတ်လ ၄ ရက်သည် ပထမ ကမ္ဘာစစ် စတင် ဖြစ်ပွားရာ နှစ်ပေါင်း ၁၀၀ ပြည့်သည့် နေ့ဖြစ်သည် နှင့်အညီ ယမန်နေ့တွင် ပထမ ကမ္ဘာစစ် ရာပြည့် နှစ်ပတ်လည်နေ့ ကို ဘယ်လ်ဂျီယံ နိုင်ငံ လျရေးရှ်မြို့ ၊ ကွိုင်တီ မဟာမိတ် စစ်ဗိမာန် တွင် ကျင်းပခဲ့ရာ ကမ္ဘာ့ နိုင်ငံပေါင်း ၈၀ ခန့်မှ ခေါင်းဆောင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

ဘယ်လ်ဂျီယံ ဘုရင် ဖိလစ်ပီ က " ပထမ ကမ္ဘာစစ်ဟာ ကိုယ့် နိုင်ငံအရေး ကိစ္စကို ကိုယ်ကိုယ်တိုင် တာဝန်ယူဖို့ ၊ ပြည်သူ လူထု စည်းလုံး ညီညွတ်ဖို့ သတိပေး နေပါတယ် ၊ ငြိမ်းချမ်းရေး ဆိုတာ နိုင်ငံတိုင်းက တန်းတူ ရောက်ရှိ ခံစားထိုက်တဲ့ ရည်မှန်းချက် ပန်းတိုင် ဖြစ်ပါတယ် ... " ဟု ပြောကြား ခဲ့သည်။

ရာပြည့် အခမ်းအနားသို့ ဥရောပ တစ်ခွင်မှ နိုင်ငံ ခေါင်းဆောင်များ၊ ဗြိတိန်၊ အိုင်ယာလန်၊ ဂျာမနီ၊ သြစတြီးယား၊ ဘူလ်ဂေးရီးယား၊ မော်လ်တာ အစရှိသည့် နိုင်ငံ ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး တက်ရောက် မိန့်ခွန်း ပြောကြားစဉ် ပြင်သစ် သမ္မတ က ၁၉၁၄ ခုနှစ် သြဂုတ် ၄ ရက်က ဘက်မလိုက် နိုင်ငံအဖြစ် ရပ်တည် နေခဲ့သည့် ဘယ်လ်ဂျီယံ နိုင်ငံကို ဂျာမနီက ကျူးကျော် ဝင်ရောက်ခဲ့ပြီး ဒေသတွင်း စစ်ပွဲဖြစ်သော ဘော်လ်ကန်စစ်ပွဲ ကို ကမ္ဘာစစ်ကြီး ဖြစ်လာအောင် မီးမွှေးခဲ့ခြင်း ကို တင်ပြ ပြောဆိုခဲ့ပြီး မျက်မှောက်ခေတ် ယူကရိန်း အရေး သည်လည်း အလားတူ မီးပွားတစ်ခု ဖြစ်နေကြောင်း ထောက်ပြ ပြောဆို ခဲ့သည်။

ဆက်လက်၍ ပြင်သစ် သမ္မတ က ''ဥရောပ နဲ့ မဝေးလှတဲ့ နိုင်ငံက လူတွေဟာ သူတို့ရဲ့ အခွင့်အရေး အတွက် တိုက်ပွဲဝင် နေချိန်မှာ ကျွန်တော်တို့ ဘက်မလိုက် နိုင်ငံအဖြစ် ဘယ်လိုနေနိုင် ပါ့မလဲ။ ခရီးသည်တင် လေယာဉ် တစ်စင်းကိုပ စ်ချတာတွေ၊ အီရတ်၊ ဆီးရီးယား၊ လက်ဘနွန်၊ ဂါဇာအရေး တွေကို ကျွန်တော်တို့ လက်ပိုက် ကြည့်မနေနိုင် ပါဘူး။ ဥရောပဟာ ကုလသမဂ္ဂနဲ့ လက်တွဲပြီး ကျရာတာဝန် ကို ထမ်းဆောင်သွား မှာပါ ... '' ဟု ပြောကြားသည်။

ဂျာမနီ သမ္မတ ကလည်း ထိုစဉ်က ဂျာမနီသည် စစ်ဆင်ရေး အရသာ တိုက်ပွဲဝင် ခဲ့ခြင်းဖြစ်ပြီး ဥရောပ အနေနှင့် လွတ်လပ်ရေး၊ ဥပဒေ၊ အသိ၊ သတိ၊ သည်းခံနိုင်မှု၊ တရားမျှတမှု နှင့် လူသားချင်း စာနာထောက်ထားမှု တို့ကို ဦးဆောင် ဦးရွက် ပြုသွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ပထမကမ္ဘာစစ် အတွင်း နိုင်ငံပေါင်းစုံမှ သေဆုံးသူ တပ်ဖွဲ့ဝင်ဦးရေ ၁ဝ သန်း၊ ဒဏ်ရာ ရရှိသူ သန်း ၂ဝ၊ သေဆုံးသူ အရပ်သား သန်းပေါင်းများစွာ ရှိခဲ့ပြီး နိုင်ငံ အများအပြား ကြေမွ ပျက်စီးခဲ့ကာ ကမ္ဘာကြီး တစ်ခုလုံး ကို အသစ်ပြန်လည် တည်ဆောက် ခဲ့ရကြောင်း သိရသည်။


0 comments:

Post a Comment