U Ye Gyi Technology Study mosquito date နေရာမှားလျှင် တန်ဖိုးမဲ့ဖြစ်တတ်သည် ~ ဘ၀အလင်းသစ်မီဒီယာ

Wednesday, July 30, 2014

နေရာမှားလျှင် တန်ဖိုးမဲ့ဖြစ်တတ်သည်



အထွတ်အမြတ်ထားခြင်းခံရသည့် ဆံပင်သည်- အစားအစာထဲသို့ ရောက်သည့်အခါ ရွံစရာ အမှိုက်ဖြစ်ရ သည်။

ပညာရှိတို့သည် -
ပညာမဲ့တို့၏ကြားတွင် ရယ်သွမ်းသွေးစရာ ဖြစ်ရသည်။


နေ့တွင် ထွက်သောလသည် -
လူတို့၏ လျစ်လျူရု့ခြင်းကိုခံရ၍ တန်ဖိုးမဲ့ဖြစ်ရသည်။

လိုက်လျောတတ်သူသည် - 
အခွင့်အရေးသမားတို့၏ကြားတွင် အမဲဟင်းလျာဖြစ်ရသည်။

နူးညံ့သိမ်မွေ့သူသည် - 
ကြမ်းတမ်းခက်ထရော်သူတို့၏ကြားတွင် အထီးကျန်သိမ်ငယ်နေရသည်။

တင်းတိမ်ရောင့်ရဲသူသည် - 
လောဘကြီးသူတို့၏ ကြားတွင် လူညံ့ဖြစ်ရသည်။

အယောနိသောမနသီကာရရှိသူသည်-
လူအများနှင့်ဆက်ဆံရေးတွင် ကြာလေ ဝေးကွာလေဖြစ်လာရသည်။

တရားနှင့်မွေ့လျော်သူသည် -
တရားမဲ့ပြုကျင့်သူတို့၏ကြားတွင် နှိပ်စက်ခံရခြင်း၊ ဆင်းရဲ ရာရောက်သည်။


0 comments:

Post a Comment